Thought for life

"The brainy head should not be predominated by dainty heart"

Tuesday, January 26, 2010

ပျော့ညံ့သူရဲ့လမ်းကိုသာ ပိတ်ဆို့တဲ့ ဆင်းရဲဒုက္ခ

"မွေးဖွားရာ ပတ်ဝန်းကျင်၊ နေရာဒေသက အရာရာကို ဆုံးဖြတ်နိုင်ခွင့်မရှိဘူး။ ဘယ်လိုပတ်ဝန်းကျင်မှာပဲ မွေးဖွားခဲ့ပါစေ... ဆင်းရဲဒုက္ခကို ကျော်လွှားနိုင်မှ ကြီးမြတ်တဲ့ အောင်မြင်မှုကိုရမှာဖြစ်တယ်။ သူဌေးသားသမီးတိုင်း ကံကောင်းတယ်လို့ မထင်ကြနဲ့။ တစ်ချို့သူဌေးသားတွေက ငွေကြေးရဲ့ ကျေးကျွန်ဖြစ်ကြရတယ်။ ဥစ္စာပစ္စည်းတွေရဲ့ ဖြားယောင်းမှုကို သူတို့မတွန်းလှန်နိုင်ခဲ့လို့ ဒုက္ခတွင်းနက်ထဲ ကျခဲ့ကြတယ်။ စည်းစိမ်ချမ်းသာမှုနဲ့ ပျော်ပါးကြီးပြင်းလာတဲ့ ကလေးတွေက ဆင်းရဲတွင်းက ကြီးပြင်းရုန်းထလာကြတဲ့ ကလေးတွေရဲ့ ပြိုင်ဖက်မဖြစ်နိုင်ခဲ့ဘူး။ ဆင်းရဲသားကလေးတွေ အထူးသဖြင့် ဆင်းရဲလွန်းလို့ ကျောင်းနေဖို့အခွင့်အရေးတောင် မရှိကြတဲ့ကလေးတွေက အရွယ်ရောက်ပြီးနောက် အောင်မြင်တဲ့လုပ်ငန်းရှင်တွေ ဖြစ်လာတယ်။ ....... ဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ လူငယ်တစ်ဦးမှာ ချမ်းသာကြွယ်ဝတဲ့ အမွေကို ဆက်ခံနိုင်စွမ်းရှိတယ်"

အမေရိကန်က နာမည်ရှိသူတို့ရဲ့ ကြိုးစားရုန်းကန်တဲ့သမိုင်းကို ပြန်လှန်ကြည့်ရင် အောင်မြင်သူအများစုက ဆင်းရဲသားမိသားစု ကလေးတွေဖြစ်တယ်။

Andrew Carnegie က ဆင်းရဲသားမိသားစုက ပေါက်ဖွားခဲ့ပြီး ဖခင်ဖြစ်သူမှာ အထည်ချုပ်စက်ရုံကဖြစ်တယ်။ Carnegie လုပ်ငန်းစဝင်စ အလုပ်က ဘွိုင်လာအိုးလုပ်သားဖြစ်တယ်။

Fordက လယ်သမားမိသားစုက ပေါက်ဖွားခဲ့သူဖြစ်တယ်။ ဖခင်က Fordကို လယ်သမားတစ်ဦးဖြစ်ဖို့ မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် တစ်ပြားတစ်ချပ်မှမပါဘဲ မြို့ပေါ်တက် သူအလုပ်ရှာခဲ့တယ်။

HP (Hewlett-Packard Company) ကုမ္ပဏီကို William Hewlett နဲ့ David Packard တို့တည်ထောင်စက သူတို့ရဲ့ရင်းနှီးမြှုပ်နှံငွေက ၅၃၈ ဒေါ်လာဖြစ်ပြီး ကုမ္ပဏီတည်နေရာက သူတို့ရဲ့ကားဂိုဒေါင်မှာဖြစ်တယ်။

အသက်မွေးဝမ်းကျောင်းထဲမှာ သတင်းစာရောင်းတဲ့အလုပ်က စားသာတဲ့အလုပ် မဟုတ်ခဲ့ဘူး။ ဒီအလုပ်ကို လူတစ်ချို့က စားဝတ်နေရေး ဖူလုံဖို့ မျှော်ကိုးခဲ့တယ်။ အမေရိကန်က လူအများလေးစားတဲ့ Edisonကလည်း ငယ်စဉ်ကတည်းက သတင်းစာရောင်းသူဖြစ်ခဲ့တယ်။ (၁ဝ)နှစ် အရွယ်တည်းက Edisonဟာ ဓာတုစမ်းသပ်မှုတွေ ပြုလုပ်ခဲ့တယ်။ တစ်ခါကရထားပေါ်မှာ သတင်းစာရောင်းရင်း စမ်းသပ်မှုတစ်ခုကို သူလုပ်ခဲ့တယ်။ အရှိန်နဲ့ရထားကွေ့ချိန်မှာ သူစမ်းသပ်နေတဲ့ အက်စစ်တွေဖိတ်ကျ လွှင့်စင်ပြီး အနံ့ဆိုးတွေထွက်ခဲ့တယ်။ လူတွေရဲ့ ပြစ်တင်ဆဲဆိုတာကို ခံရတဲ့အပြင် ရထားတွဲခေါင်းဆောင်ရဲ့ လက်ဖဝါးဒဏ်နဲ့အတူ ရထားပေါ်က သူမောင်းချခံခဲ့ရတယ်။

ကျွန်ရောင်းဝယ်ရေးစနစ်ကို ချေဖျက်ခဲ့တဲ့ အမေရိကန် (၁၆)ဦးမြောက် သမ္မတလင်ကွန်းဟာ ငယ်စဉ်တည်းက မီးလင်းဖိုရဲ့အလင်းနဲ့ စာတွေကျက်မှတ်ခဲ့ရတယ်။ စာအုပ်တွေဝယ်ယူဖို့အတွက် ကီလိုမီတာ(၇ဝ)နီးပါး သူလမ်းလျှောက်ခဲ့ရတယ်။ ဘာအမွေစားအမွေခံမှ သူမရခဲ့သလို ဘယ်လိုကံကောင်းမှုမျိုးနဲ့မှ သူမကြုံခဲ့ဖူးပါဘူး။ ဒါပေမယ့် သူအောင်မြင်ခဲ့တယ်၊ ရှေ့ဆက်တဲ့သူ့လမ်းတွေ ထွန်းတောက်ခဲ့ရတာက သူရဲ့မဆုတ်မနစ် ကြိုးစားမှုနဲ့ ဖြောင့်မှန်မှုကြောင့်ဖြစ်တယ်။

(၁၇)ဦးမြောက် အမေရိကန်သမ္မတ Andrew Johnson ဟာ ငယ်စဉ်တည်းက အဝတ်ချုပ်ဆိုင်မှာ အလုပ်လုပ်ခဲ့တယ်။ သူဟာ ကျောင်းလဲကောင်းကောင်း တက်ခဲ့ဖူးသူမဟုတ်ဘူး။ ဒါပေမယ့် သစ်သားအိမ်လေးထဲမှာနေပြီး စာမသင်ခဲ့ဖူးတဲ့၊ ဘာအခြေအမြစ်မှ မရှိသူတစ်ဦးက အမေရိကန် ပြည်တွင်းစစ်အတောအတွင်းမှာ သမ္မတဖြစ်လာခဲ့တယ်။ သူရဲ့ပြည့်စုံတဲ့ အလေ့အကျင့်၊ အတွေ့အကြုံကြောင့် တစ်လောကလုံးကို အောင်နိုင်ခဲ့သူဖြစ်ပြီး ကျေးကျွန်ပေါင်း ၄သန်းကို လွတ်ငြိမ်းခွင့်ပေးခဲ့သူဖြစ်တယ်။

တစ်ခါက ဆင်းရဲသားမိသားစုက ပေါက်ဖွားလာတဲ့ လူငယ်တစ်ဦးရှိခဲ့တယ်။ ဖခင်သေဆုံးချိန် အခေါင်းဝယ်စရာ ပိုက်ဆံမရှိခဲ့လို့ အိမ်နီးချင်းတွေက ဝယ်ပေးခဲ့ရတယ်။ ဖခင်သေဆုံးပြီးနောက် မိခင်က ထီးစက်ရုံမှာ တစ်နေ့(၁ဝ)နာရီ အလုပ်ဝင်လုပ်ခဲ့ပြီး အလုပ်ဆင်း အိမ်ပြန်ချိန်မှာတောင် လုပ်စရာအလုပ်တွေ ယူလာတတ်ခဲ့သေးတယ်။

ဒီလိုအခြေအနေမှာ ကြီးပြင်းခဲ့တဲ့သူဟာ တစ်ခါက ဘုရားကျောင်းမှာကျင်းပတဲ့ ဟောပြောပွဲကို တက်ရောက်နားထောင်ခဲ့တယ်။ ဟောပြောပွဲက စိတ်ဝင်စားစရာကောင်းတဲ့အတွက် ဟောပြောဆရာလုပ်ဖို့ သူဆုံးဖြတ်ခဲ့တယ်။ တစ်ခါသာကြုံခဲ့တဲ့ အတွေ့အကြုံက နောက်တစ်ချိန်မှာ အောင်မြင်ဖို့ သူ့အတွက်လမ်းစဖြစ်ခဲ့တယ်။ အသက် (၃ဝ) မှာ နယူးယောက်လွှတ်တော်အမတ်အဖြစ် သူဝင်ရွေးခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန်မှာ လွှတ်တော်အမတ်တစ်ဦးရဲ့ တာဝန်နဲ့ဝတ္တရားတွေအတွက် သူပြင်ဆင်ချိန်မရခဲ့ဘူး။

ပညာအဆင့်အတန်း နိမ့်ပါးခဲ့လို့ အလုပ်မှာ အခက်ခဲပေါင်းစုံ သူကြုံခဲ့ရတယ်။ အလုပ်နဲ့ပတ်သက်တဲ့ စာရွက်၊ အမှုအခင်းတွေကို သူမဖတ်နိုင်ခဲ့ဘူး။ တစ်ချို့စာလုံးတွေကို သူနားမလည်ခဲ့ဘူး။ အဲဒီအတွက် သူနောင်တရ စိတ်ညစ်ခဲ့တယ်။ အလုပ်ကထွက်ဖို့အထိ သူစဉ်းစားခဲ့ပေမယ့် မိခင်ကြောင့် သူအလုပ်မထွက်ဖြစ်ခဲ့ဘူး။ အခက်အခဲကြောင့် နောက်မတွန့်ဖို့၊ နိမ့်ပါးတဲ့ ဗဟုသုတတွေအတွက် စိတ်မကောင်းမဖြစ်ဖို့ တစ်နေ့ကို စာ(၁၆)နာရီဖတ်ပြီး သူ့ကိုယ်သူ နှစ်သိမ့်သင်ကြားခဲ့တယ်။

ကျောင်းပညာ ကောင်းကောင်းမသင်ကြားခဲ့ရတဲ့ ငယ်ဘဝကို သူမေ့ပစ်ခဲ့တယ်။ (၁ဝ)နှစ်လွန်မြောက်ပြီးနောက် Smithဟာ နယူးယောက်ရဲ့ နိုင်ငံရေးနယ်ပယ်မှာ သြဇာအာဏာရှိသူဖြစ်လာခဲ့တယ်။ နာမည်ကောင်း ဆုတံဆိပ်တွေ မကြာခဏရရှိသူဖြစ်ခဲ့ပြီး (၄)ကြိမ်ဆက်တိုက် နယူးယောက်စတိတ် အုပ်ချုပ်သူအဖြစ် ရွေးချယ်ခံခဲ့ရတယ်။ Oxford တက္ကသိုလ်၊ Colombia တက္ကသိုလ်စတဲ့ တက္ကသိုလ်ပေါင်း ခြောက်ခုက ဘွဲ့တံဆိပ်တွေကို ရရှိခဲ့တယ်။ အောက်ခြေနိုင်ငံရေးသမားဘဝကနေ တစ်နိုင်ငံလုံး လေးစားအားထားတဲ့ နိုင်ငံရေးသမားဖြစ်အောင် သူကြိုးစားခဲ့တယ်။

နယူးယောက်က ပြည်သူလူထု အကြိုက်နှစ်သက်ဆုံးသူအဖြစ် နယူးယောက်တိုင်းမ်မှာ ဖော်ပြခံခဲ့ရသူက Adam Smith ပဲဖြစ်ပါတယ်။

နှစ်ကြိမ်ဆက်တိုက် အမေရိကန်သမ္မတအဖြစ် အရွေးခံခဲ့ရတဲ့ Stephen Grover Cleveland ရဲ့ ငယ်ဘဝက သာမန် အရောင်းဆိုင်ဝန်ထမ်းဖြစ်တယ်။ သူ့ဝင်ငွေက တစ်နှစ်မှာ (၁ဝ)ဒေါ်လာဝန်းကျင်သာ ရှိခဲ့တယ်။ နောက်ပိုင်း သူ့အောင်မြင်မှုကို ခွဲခြမ်းစိတ်ဖြာရာမှာ Cleveland က "ဆင်းရဲခြင်းကဖြစ်လာတဲ့ အာသီသတွေဟာ တကယ့်ကိုအင်အားရှိခဲ့တယ်" လို့ ပြောခဲ့တယ်။

အထက်ကပြောခဲ့တဲ့လူတွေရဲ့ ဘဝအစက ဆင်းရဲခြင်းနဲ့ပဲ စခဲ့ကြတယ်။ ဒါပေမယ့် ကံတရားကို သူတို့အပြစ်မတင်ခဲ့ဘူး။ ဘဝကို မငြီးငြူခဲ့ဘူး။ ဆင်းရဲဒုက္ခရဲ့ ထိုးနှက်ချက်က ရှေ့ဆက်တိုးမယ့်သူတို့အတွက် ခွန်အားတွေဖြစ်ခဲ့တယ်။ နောက်ဆုံး လက်ဗလာနဲ့ စခဲ့တဲ့ဘဝကနေ အောင်မြင်မှုအလံကို ပိုင်ပိုင်နိုင်နိုင် သူတို့ ဆုပ်ကိုင်ထားနိုင်ခဲ့တယ်။

ကြီးမြတ်တဲ့ သူရဲကောင်းတွေ၊ အောင်မြင်သူတွေရဲ့ ဘဝအများစုက ဆင်းရဲသားဘဝက စခဲ့တယ်။ ကံတရားရဲ့ ထိုးနှက်ချက်အောက်မှာ ကြံ့ကြံ့ခံပြီး ခွန်အားတွေကို သူတို့စုခဲ့တယ်။

စပိန်စာရေးဆရာ Miguel de Cervantes ထောင်ထဲမှာ ရေးခဲ့တဲ့ Don Quijote de la Mancha စာအုပ်က နာမည်ကျော်စာအုပ်ဖြစ်ခဲ့တယ်။ အဲဒီတုန်းက ဆင်းရဲလွန်းလို့ စာရေးဖို့စက္ကူတောင် မဝယ်နိုင်ခဲ့ဘဲ သားရေချပ်လေးပေါ်မှာ သူရေးခဲ့တာဖြစ်တယ်။ လူတစ်ချို့က သူဌေးတစ်ဦးကိုရှာပြီး သူ့ကိုကူညီဖို့ အကူအညီတောင်းခဲ့ပေမယ့် သူဌေးက "ဒီလိုလူကို ကူညီဖို့ ဘုရားသခင်က ကျွန်တော့်ကိုခွင့်မပြုခဲ့ဘူး။ သူဆင်းရဲနေမှ ဒီလောကကြီး ကြွယ်ဝမှာဖြစ်တယ်" လို့ ပြောခဲ့တယ်။

ဆင်းရဲသားမိသားစု ဒါမှမဟုတ် ချမ်းသာတဲ့မိသားစုက ပေါက်ဖွားလာသူ လူငယ်တစ်ယောက်မှာ ခိုင်မြဲတဲ့ ရည်ရွယ်ချက်ပန်းတိုင် တစ်ခုရှိမယ်ဆိုရင် ဘယ်လိုအခက်အခဲ၊ ဘယ်လိုလူပုဂ္ဂိုလ်ကမှ ရှေ့ဆက်မယ့် သူ့ခြေလှမ်းကို မတားနိုင်ခဲ့ပါဘူး။

ဆင်းရဲဒုက္ခက ပျော့ညံ့သူရဲ့လမ်းကိုသာ ပိတ်ဆို့နိုင်ခဲ့တယ်။ မိမိကိုယ်ကိုယ်ယုံကြည်သူ၊ သတ္တိရှိသူ၊ ဇွဲရှိသူတွေအတွက် ဆင်းရဲဒုက္ခက သူတို့ရဲ့အစွမ်းအစကို ပိုတောက်ပြောင်စေတယ်၊ ဘဝမီးအိမ်ကို ထွန်းညှိပေးတယ်၊ ရှေ့တိုးမယ့် ဆုံးဖြတ်ချက်နဲ့ ဇွဲလုံ့လကို မောင်းပေးတဲ့ နှင်တံဖြစ်ခဲ့တယ်။

Orison Swett Marden က "ဆင်းရဲဒုက္ခက အားကစားလေ့ကျင့်ခန်းက ကိရိယာတွေနဲ့တူတယ်။ ကျွန်တော်တို့ကို သန်မာအောင် လေ့ကျင့်ပေးတယ်။ ဒါကြောင့်ဆင်းရဲခြင်းက ကျွန်တော်တို့ တာထွက်ကောင်းအောင် ကြိုးစားလေ့ကျင့်ပေးတဲ့ အကောင်းဆုံးကိရိယာဖြစ်တယ်" လို့ ပြောခဲ့တယ်။

"အခက်အခဲကြားက လွတ်အောင် ကျွန်တော်တို့ ကြိုးစားရုန်းကန်တာက ဆင်းရဲခြင်းရဲ့လွတ်လမ်းဖြစ်သလို အောင်မြင်သူဖြစ်ဖို့ အခြေခံနည်းတစ်ခုဖြစ်တယ်"

"တကယ်သတ္တိရှိသူက ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုခံရလေ ကြိုးစားရုန်းကန်လေဖြစ်တယ်။ အခက်အခဲကို ရင်ဆိုင်နိုင်သူ၊ အတားအဆီးကို လှောင်ရယ်နိုင်သူဖြစ်တယ်။ ဆင်းရဲဒုက္ခရဲ့ ထိုးနှက်တာခံရလေ သူ့စိတ်ဆန္ဒ၊ အရည်အချင်း၊ အင်အားနဲ့ ဆုံးဖြတ်ချက်တွေ ခိုင်မာလေဖြစ်တယ်။ ဒီလိုလူမျိုးအတွက် ရှေ့ဆက်မယ့် သူ့ခြေလှမ်းကို ဘယ်လိုကံကြမ္မာ၊ ဘယ်လိုအခက်အခဲကမှ တားဆီးထားနိုင်မှာ မဟုတ်ပါဘူး"

မူရင်း... The secret of success inspiring ( D-Man ပြုစုတဲ့ ဝယ်ခဲ့တဲ့စာအုပ်ထဲက ဖြစ်ပါတယ်။ ခုတစ်လော ဒီစာအုပ်ကိုပဲ ဖတ်ဖြစ်နေတယ်)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

အခက်အခဲတွေက ကိုယ့်ကိုပိုသန်မာကြံ့ခိုင်အောင်.......

တစ်ခါက တယ်လီဖုန်းအင်တာဗျူးမှာ သတင်းထောက်တစ်ဦးက ကျွန်တော်ကို ဒီလိုမေးခွန်းတစ်ခု မေးခဲ့တယ်။

"ဂျက်လီ... ခင်ဗျား တောက်လျှောက် အဆင်ပြေအောင်မြင်လာတဲ့နှစ်တွေ မနည်းတော့ဘူး။ ဒီလိုအင်အားတွေရှိအောင် ခင်ဗျားဘယ်လို စွမ်းဆောင်ခဲ့သလဲ?"

ကြည့်ရတာ ဒီသတင်းထောက်က ကျွန်တော်ကိုမဗျူးခင် သေချာလေ့လာပြင်ဆင်ထားပုံမရဘူး။ ကျွန်တော်က တောက်လျှောက်အဆင်ပြေလာတာ မဟုတ်ဘူး။ ကျွန်တော်သူငယ်ချင်းတွေက ကျွန်တော်ကို "အခါတစ်ရာသေပြီး ပြန်ရှင်တဲ့လူ" လို့တောင် တင်စားကြတယ်။

ကျွန်တော်ငယ်ငယ်လေးကတည်းက အဖေဆုံးသွားခဲ့တယ်။
အိမ်ကစီးပွါးရေးတော်တော် အဆင်မပြေခဲ့လို့ သိုင်းသင်တန်းကျောင်းထဲ ကျွန်တော်ဝင်ရောက်ခဲ့ရတယ်။ အဲဒီကရတဲ့ ထောက်ပံ့ကြေးအနည်းငယ်နဲ့ အိမ်ကို ပြန်ထောက်ပံ့ခဲ့ရတယ်။ (၁၁)နှစ်အရွယ်ကစပြီး တစ်နိုင်ငံလုံးရဲ့သိုင်းပြိုင်ပွဲမှာ ကျွန်တော်(၅)နှစ်ဆက်တိုက် ပထမဆုရခဲ့တယ်။ (၁၈)နှစ်မှာ "ရှောင်လင်"ကားနဲ့ ကျွန်တော်နာမည်စရလာခဲ့တယ်။ ဒါပေမယ့် နောက်တစ်နှစ်မှာ မြင်းပေါ်ကပြုတ်ကျလို့ ကျွန်တော်ပေါင်ကျိုးပြီး ဒုက္ခိတဖြစ်လုလုဖြစ်ခဲ့ရတယ်။ အချိန်ယူပြီးစောင့်နေတဲ့ "Once Upon a Time" ဆိုတဲ့ဇာတ်ကား ရောင်းချခါနီးမှာ ကျွန်တော်ရဲ့ထုတ်ဝေသူ အသတ်ခံရပြန်တယ်။ ကျွန်တော့်ဘဝအရာရာက သုညပြန်ရောက်သွားခဲ့တယ်။"

"(၂ဝဝ၄)ခုနှစ် ဆူနာမီတုန်းက အသက်ဘေးကနေ ကျွန်တော်သီသီလေးလွတ်ခဲ့တယ်။ လှိုင်းလုံးကြီးတွေ ကျွန်တော်ရှေ့မှာ ကျွန်တော့်ကိုဝါးမြိုမတတ်ပါပဲ။ အဲဒီလိုကြုံရတဲ့ ခံစားချက်နဲ့ ကြောက်ရွံ့မှုမျိုး လူဘယ်နှယောက်များ ခံစားဖူးမလဲ?"

"ဒီလိုမေးခွန်းမျိုးမေးတဲ့ သတင်းထောက်ကို ကျွန်တော်နားလည်ပါတယ်။ သူက ရုပ်ရှင်ထဲက ကျွန်တော့်ကိုပဲ သိခဲ့ပုံရတယ်။ ကျွန်တော်က ရုပ်ရှင်တွေထဲကလို သန်မာကြံ့ခိုင်တဲ့ယောက်ျားလို့ ထင်ခဲ့ပုံရတယ်။ တစ်ကိုယ်လုံး ကြွက်သားတွေအပြည့်နဲ့ အင်အားထွားကြိုင်းတယ်လို့လည်း ထင်ခဲ့တယ်ထင်ပါတယ်။ တကယ်တော့ ကျွန်တော်လည်း သူလိုကိုယ်လို သွေးသားနဲ့တည်ဆောက်ထားတဲ့ သာမန်လူတစ်ယောက်ပါပဲ။ ပြီးတော့ တစ်ခြားလူတွေထက် ကျွန်တော်ပိုပျော့ညံ့သေးတယ်။ တစ်လောက ကျွန်တော်ဘုန်းကြီးဝတ်တောထွက်ဖို့ ကြိုးစားခဲ့သေးတယ်"

"ဒါပေမယ့် ရှောင်လင်ဘုန်းကြီးကျောင်း ဆရာတော်တွေက ကျွန်တော်ကို ဒီလိုလုပ်ခွင့်မပေးဘူး။ ဘုန်းကြီးဝတ် တောထွက်တိုင်း ပြဿနာတွေကို ဖြေရှင်းလို့မရနိုင်ဘူး။ နောက်တော့ ဒီထက်တိုးတက်အောင်မြင်ဖို့ ဟော်လိဝှဒ်ကို ကျွန်တော်ရောက်လာခဲ့တယ်။ ဆရာတော်ကကျွန်တော်ကို စကားတစ်ခွန်း လက်ဆောင်ပါးလိုက်တယ်။ အဲဒီစကားက "အခက်အခဲ၊ ပြဿနာတွေက မိမိခွန်အားကို ပိုကြီးမားသန်မာအောင် ကူညီပေးနေပါတယ်" တဲ့"
"အဲဒီစကားက ဘာဆုပေးတဲ့စကားနဲ့မှ မတူခဲ့ဘူး။ ဟော်လိဝှဒ်ရောက်ပြီး ဘာတစ်ခုမှ ကျွန်တော်အဆင်မပြေခဲ့ဘူး။ ထိုင်ဝမ်သူဌေးက ငွေကြေးတွေကုန်ကျခံပြီး ကျွန်တော့်ကို ကြော်ညာပေးခဲ့တယ်။ အခွင့်အရေးတွေ ပေးခဲ့တယ်။ ဒါပေမယ့် မာန်တက်နေတဲ့ဟော်လိဝှဒ်က ကျွန်တော့်လို အရပ်(၁၇ဝ)စင်တီမီတာတောင်မရှိတဲ့ လူမျိုးခြားကို လက်မခံခဲ့ဘူး။ ကျွန်တော်သည်းခံခဲ့တယ်။ ဒါရိုက်တာတစ်ဦးက ဇာတ်ညွှန်းစာအုပ်ကို ကျွန်တော်မျက်နှာတည့်တည့် ပစ်ထည့်ပြီး "မင်းက အင်္ဂလိပ်စာမတတ်လို့ ဇာတ်ညွန်းမကြည့်တာလား"လို့ အေးစက်စက်ပြောတဲ့အထိ ကျွန်တော်စောင့်ဆိုင်းခဲ့တယ်။"

"အဲဒီညမှာ ဆရာတော်ဆီ ကျွန်တော်ဖုန်းဆက်ခဲ့တယ်။ ဆရာတော်က တည်ငြိမ်တဲ့အသံနဲ့ "ဒီနှစ်တွေ တကာတော်တော် ပင်ပန်းခဲ့ရပြီဆိုတာ သိတယ်။ ဒါပေမယ့် တကာ သေချာစဉ်းစားကြည့်။ အခုလက်ရှိမှာ တကာ ပိုသန်မာကြံ့ခိုင်တာလား? ဒါမှမဟုတ် အရင်က ပိုသန်မာကြံ့ခိုင်တာလား?" ဆရာတော်အမေးကြောင့် ကျွန်တော်ခဏတွေဝေသွားတယ်။ ဒီနှစ်တွေမှာ ကြုံရတဲ့အခက်အခဲတွေက ဟိုးအရင်ကြုံခဲ့ရတဲ့ အခက်အခဲတွေနဲ့စာရင် ဘာမှမနှိုင်းသာခဲ့ဘူး။ အရင်ကြုံခဲ့ရတဲ့ အခက်အခဲတွေက ကိုယ့်ကိုထွက်ပြေးဖို့ လွတ်လမ်းတောင် မပေးခဲ့ဘူး။ ခုတော့ တကယ်ပဲ အခက်အခဲတွေက ကျွန်တော့်ကို သန်မာစေခဲ့ပြီ။ ခန္ဓာကိုယ် မသန်မာသေးသည့်တိုင် ခံနိုင်ရည်စွမ်းကိုတော့ သန်မာသထက် သန်မာအောင် ကျွန်တော်လုပ်နိုင်ခဲ့ပါပြီ"

အဲဒီကစ အခက်အခဲ၊ ပြဿနာတွေကို ကျွန်တော်ကြောက်မနေတော့ဘူး။ ဘာပဲဖြစ်ဖြစ် "လာစမ်းပါ (welcome)"ဆိုတဲ့ စိတ်ဓာတ်မျိုးကျွန်တော်မွေးခဲ့တယ်။ သူငယ်ချင်းမိတ်ဆွေတွေက ကျွန်တော်ကို ရူးသွပ်သူလို့ဆိုတယ်။ ဒါပေမယ့် ဒါဟာ အခက်အခဲတွေကြားမှာ လေ့ကျင့်သင်ယူနေတယ်ဆိုတာ ကျွန်တော်သိတယ်။

"Hero" ဇာတ်ကားကိုရိုက်တုန်းက မင်းသမီး "Zhang Ziyi" က အဝေဖန်ခံရဆုံးဖြစ်တယ်။ လူတချို့ရဲ့ အပယ်ကို ခံခဲ့ရသူဖြစ်တယ်။ သူ့ကိုကြည့်ရင်း ဟိုးတစ်ချိန်က ကိုယ့်အဖြစ်ကို ကျွန်တော်ပြန်မြင်ယောင်ခဲ့မိတယ်။ အဲဒီတုန်းက ကျွန်တော်တဇွတ်ထိုးဆန်တယ်။ စိတ်ထဲက ခံစားချက်ကို မျက်နှာပေါ် တင်ပြတတ်တယ်။ ဒါနဲ့ သူ့ကို ကျွန်တော့်ရဲ့အတွေ့အကြုံတွေ ပြောပြတယ်။ နောက်တော့ တဖြေးဖြေး ကျွန်တော့်စကားထဲကနေ သူပြောင်းလဲခဲ့ပြီး သန်မာကြံ့ခိုင်တဲ့ မင်းသမီးတစ်လက်ဖြစ်လာခဲ့တယ်။

ဒီနှစ်အတောအတွင်းမှာ သိုင်းပညာနဲ့ပတ်သက်တဲ့ စိတ်ကူးတစ်ခု ကျွန်တော့်မှာရှိတယ်။ အဲဒီစိတ်ကူးကို ပရိသတ်တွေနဲ့ ကျွန်တော်မျှဝေချင်တယ်။ ဒါကြောင့် လူရှာပြီး ကျွန်တော်ဇာတ်ညွန်းရေးစေခဲ့တယ်။ ရုပ်ရှင်ဇာတ်ကားကို "Tibetan Monk in New York" လို့ ပေးခဲ့တယ်။ ဇာတ်ကားနာမည်ကို ထုတ်ဝေသူတော်တော်များများက စိတ်ဝင်စားကြတယ်။ ဒါပေမယ့် ဇာတ်ညွှန်းကြည့်ပြီး သူတို့ မရိုက်ရဲကြဘူး။ တိုက်ခိုက်ခန်းတွေ နည်းလို့ တွက်ချေကိုက်မှာမဟုတ်ဘူးလို့ ပြောကြတယ်။ ထုတ်ဝေသူမရှိလို့ ည ည ကျွန်တော်အိပ်မပျော်ခဲ့ဘူး။ နောက်ဆုံး မတတ်နိုင်တဲ့အဆုံး ကိုယ်တိုင်ငွေထုတ်ပြီးရိုက်ဖို့ ပြင်သစ်က ဒါရိုက်တာ Luc Bessonကို ကျွန်တော်သွားရှာခဲ့တယ်။ ရိုက်ပြီးတဲ့နောက် ဇာတ်ကားကို ကျွန်တော်ကြည့်တယ်။ ရှေ့ပိုင်း မိနစ်(၉ဝ)က သပ်ရပ်ချောမွေ့နေပေမယ့် နောက်ပိုင်းမိနစ်(၃ဝ)က ထုံးစံအတိုင်း တိုက်ခိုက်ခန်းတွေပဲဖြစ်တယ်။ နောက်ပိုင်းကို ပြန်ပြင်ရိုက်မယ်လို့ ကျွန်တော်ပြောတော့ လူတွေက ကျွန်တော်ကိုရူးပြီလို့ ပြောကြတယ်။ နောက်ပိုင်းကိုပြင်ရင် ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ အတူတူပဲလို့ပြောတယ်။ ဒါရိုက်တာ Luc Besson လည်း ကျွန်တော့်ကို တအံ့တသြမေးတယ်။ "ပရိသတ်တွေကို ခင်ဗျားစိတ်ဆိုးစေချင်တာလား?"တဲ့။ ကျွန်တော်က "တစ်ခေါက်လောက်တော့ စမ်းကြည့်လိုက်မယ်လေ" လို့ပဲ ဖြေခဲ့တယ်။

တကယ်တမ်းကျတော့ ရုံမတင်ခင်ကတည်းက အဲဒီဇာတ်ကားကို ရုပ်ရှင်ပညာရှင်တချို့နဲ့ သတင်းသမားတချို့က သတိထားနှင့်ပြီးသားပါ။ နောက်တော့ "Fearless"ဇာတ်ကား ဆက်တိုက်ထွက်လာတော့မှ လူတွေက "အော်.. တကယ်တော့ ဂျက်လီက တိုက်ခိုက်တဲ့စက်ရုပ် မဟုတ်ဘူး" ဆိုတာကို တဖြေးဖြေး နားလည်လာကြတယ်။ တရုတ်သိုင်းပညာထဲမှာ တိုက်ဖို့ခိုက်ဖို့အပြင် နက်ရှိုင်းပြောင်မြောက်တဲ့ အနုပညာလည်း ရှိသေးပါလားဆိုတာ လူတွေသိခဲ့ကြတယ်။

ကျွန်တော်ရဲ့ ဦးတည်ချက်က ဒါပါပဲ။ ရင်ထဲက ခံစားချက်ကိုလည်း ချပြချင်တယ်၊ လက်မှတ်လည်း အရောင်းမြှင့်ရမယ်ဆိုတဲ့ကိစ္စက တော်တော်လေး ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်သိတယ်။ အခက်အခဲဆိုတာ အချိန်တန်ရင်ပြီးသွားတာပဲ။ အဲဒီအခက်အခဲကို ဖြတ်ကျော်ဖူးတဲ့လူမှ သူလျှောက်ရာလမ်းတစ်လျှောက် ပိုသန်မာအင်အားကြီးပြီး အကောင်းကိုပိုမြင်တတ်မယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။

ကျရူံးသူရဲ့ အောင်မြင်မှု

Schulz လို့ခေါ်တဲ့ ကလေးငယ်တစ်ဦးဟာ သူ့ရဲ့ကျောင်းတက်ရက်တွေကို ပင်ပင်ပန်းပန်းနဲ့ ဖြတ်ကျော်နေရတယ်။ မှုလတန်းကတည်းက သူသင်သမျှ ဘာသာတိုင်းဟာ မင်နီတွေနဲ့ ပြည့်နေတတ်တယ်။ အလယ်တန်းရောက်တော့ သူ့ရဲ့ ရူပဗေဒအမှတ်က အမြဲပဲ သုညဖြစ်နေတယ်။ သူဟာ သူတက်တဲ့ကျောင်းမှာ ရူပဗေဒအမှတ် အညံ့ဆုံးအဖြစ် စံချိန်တင်ခဲ့တယ်။ တစ်ခြားသာသာရပ်မှာလည်း အမှတ်တွေ အမြဲနည်းနေခဲ့တဲ့အပြင် အားကစားအမှတ်လည်း ထင်သလောက် မဖြစ်ခဲ့ဘူး။

သူကြီးပြင်းလာခဲ့တဲ့ ဘ၀တစ်လျှောက်မှာလည်း ထုံအတဲ့သူ့မှာ သူငယ်ချင်း၊ အပေါင်းအသင်းတွေ မရှိခဲ့ဘူး။ လူတွေက သူ့ကို မနှစ်သက်တာ မဟုတ်ပေမယ့် ကျောင်းအဖွဲ့အစည်းတွေမှာလည်း သူ့အရိပ်ကို မမြင်ခဲ့ရဘူး။ မိသားစုရဲ့ အကြည့်ထဲမှာလည်း သူမ၀င်ဆန့်ခဲ့ဘူး။ တစ်ယောက်ယောက်ကများ သူ့ကို ယောင်ပြီး နှုတ်ဆက်မိရင် သူဟာ အရမ်းပျော်မိတတ်တယ်။

မိန်းကလေးတွေနဲ့ ချိန်းတွေ့မယ့် တုံးအအသူ့ပုံကို ဘယ်သူမှ မမြင်ဖူးဘူး။ သူ့ကိုလည်း ဘယ်မိန်းကလေးကမှ လက်မခံခဲ့ဖူးဘူး။ Schulz ဟာ ကယ်တင်စရာဆေး လုံးဝမရှိတဲ့ ကျရှုံးသူဖြစ်ခဲ့တယ်။ ဒါကို သူ့ကိုယ်သူလည်း သိတယ်။ ဒါကြောင့် ငယ်ရာကနေ ကြီးလာတဲ့အထိ ဘ၀ဟာ ဘာဖြစ်နေဖြစ်နေ သူဂရုမစိုက်ခဲ့ဘူး။ ဒါပေမယ့် ကာတွန်းဆွဲဖို့ တစ်ခုကိုပဲ သူ ဂရုစိုက်ခဲ့တယ်။

Schulzဟာ ကာတွန်းကိုတော့ ကောင်းကောင်းဆွဲနိုင်မယ်လို့ သူ့ကိုယ်သူ ယုံကြည်ခဲ့တယ်။ ကိုယ်ဆွဲတဲ့ ပုံတွေကိုလည်း ဂုဏ်ယူခဲ့တယ်။ ဒါပေမယ့် သူဆွဲတဲ့ပုံကို ဘယ်သူမှ လှည့်မကြည့်ခဲ့ဘူး။ အလယ်တန်းတုန်းက ဂျာနယ်တစ်ချို့ကို သူ့ပုံတွေ ပို့ခဲ့ဖူးတယ်။ အမြဲတမ်း အပယ်ခံခဲ့ရပေမယ့် ကာတွန်းဆွဲနိုင်တဲ့ ကိုယ့်ရဲ့ယုံကြည်မှုကိုတော့ သူလက်မလွတ်ခဲ့တဲ့အပြင် အောင်မြင်တဲ့ ကာတွန်းဆရာတစ်ဦး ဖြစ်ရမယ်လို့လည်း သူဆုံးဖြတ်ခဲ့တယ်။

အလယ်တန်းပြီးတဲ့နှစ်မှာပဲ သူဟာ Walt Disney ကုမ္ပဏီကို မိတ်ဆက်စာတစ်စောင် ရေးခဲ့တယ်။ Disneyက သတ်မှတ်ထားတဲ့ပုံနဲ့ သူ့လက်ရာကိုကြည့်ဖို့ တောင်းဆိုခဲ့တယ်။ ဒါဟာ သူ့အတွက် လမ်းစပဲဆိုပြီး Schulzဟာ ကိုယ်ရောစိတ်ပါ နစ်ပြီး ပုံတွေကို ဆွဲခဲ့တယ်။ ဒါပေမယ့် Disneyက သူ့ကို ငြင်းပယ်လိုက်တယ်။ ကျောက်တုံးကို ရေထဲပစ်ချလိုက်သလိုပဲ ကျရူံးသူဟာ နောက်ထပ်တစ်ဖန် ကျရူံးတာကို ခံခဲ့ရတယ်။

Schulzရဲ့ ဘ၀ဟာ မဲမှောင်ပြီး ချောက်ကမ်းပါးထိပ်ကို ရောက်နေသလိုပါပဲ။ ရှေ့ဆက်ဖို့ လမ်းစပျောက်နေချိန်မှာ အဓိပ္ပါယ်မဲ့တဲ့ ကိုယ့်ဘ၀ကို ခဲတံလေးနဲ့ ဆွဲခြစ်ဖို့ သူစိတ်ကူးမိတယ်။ ကာတွန်းထဲမှာ ပြောမယ့် စကားလုံးတွေကိုလည်း အရောင်မလှခဲ့တဲ့ သူ့ငယ်ဘ၀ စကားလုံးတွေ၊ မအောင်မြင်ခဲ့တဲ့ စာမေးပွဲတွေ၊ အပယ်ခံရတဲ့ အညာတရ အနုပညာသည် သူ့အကြောင်း၊ လူတွေ လျှစ်လျှူရှူခံထားရတဲ့ ကျရူံးသူ... စတဲ့ သူကြုံတွေ၊ ခံခဲ့ရတဲ့ ခံစားချက်တွေကို သူမြတ်နိုးတဲ့၊ အောင်မြင်အောင်လုပ်မယ်လို့ သူဆုံးဖြတ်ထားတဲ့ ကာတွန်းနဲ့ ခြယ်မှုန်းခဲ့တယ်။

အဲဒီလိုနဲ့ သူဖန်တီးတဲ့ ဇာတ်ကောင်တစ်ကောင် “Peanuts” ဟာ အောင်မြင်လာလိမ့်မယ်လို့ သူ့ကိုယ်သူတောင် တွေးမထားမိခဲ့ဘူး။ ဒါပေမယ့် Peanuts ဇာတ်လမ်းတွဲတွေက တစ်ကမ္ဘာလုံးကို တောမီးလို ခဏတွင်းချင်း ဟုန်းဟုန်းတောက်ကူးစက် အောင်မြင်ခဲ့တယ်။ သူ့ရဲ့ စုတ်ချက်အောက်မှာပဲ “Charlie Brown” ဆိုတဲ့ ဇာတ်ကောင်တစ်ကောင် ထွက်လာခဲ့တယ်။ Charlie Brownဟာလည်း သူ့လို ကျရူံးသူတစ်ဦးပါပဲ။ Charlie Brown လွတ်တဲ့ လေတံခွန်ဟာ ဘယ်တော့မှ ကောင်းကင်အထက်ကို မပျံဝဲနိုင်ခဲ့သလို ဘောလုံးကိုလည်း ကောင်းကောင်း မကန်တတ်ခဲ့ဘူး။ တုံးအတဲ့ သူ့ကို သူငယ်ချင်းတွေက “သစ်တုံးဦးနှောက်” လို့ ခေါ်ခဲ့ကြတယ်။
“Charlie Brown” နှင့် “Snoopy dog”

အဲလို ခပ်တုံးတုံး စရိုက်နဲ့ ခပ်တုံးတုံး ဇာတ်ကောင်တွေကို ကမ္ဘာကျော်အောင် ဆွဲခဲ့တဲ့လူက နိုင်ငံကျော် ကာတွန်းဆရာ “Charles M. Schulz” ပဲဖြစ်တယ်။ သူ့ဇာတ်ကောင်ထဲက တစ်ကောင်ဖြစ်တဲ့ “Snoopy dog” ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကလေး၊ လူကြီးပါမကျန် မသိသူ မရှိအောင် နာမည်ကျော်ကြားခဲ့တယ်။

http://en.wikipedia.org/wiki/Charles_Schulz
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ဘဝ မီးပွိုင့်

ကလေးဘဝကနေ ကြီးလာတဲ့အထိ ကံကြမ္မာဆိုးကြီးက မိုက်ကယ်အပါးမှာ အရိပ်လိုလိုက်နေခဲ့တယ်။ မိုက်ကယ် ၄နှစ်အရွယ်မှာ မတော်တဆ ယာဉ်တိုက်မှုကြောင့် မိဘနှစ်ပါးဆုံးခဲ့ရတယ်။ သူ့ကိုခေါ်ယူ စောင့်ရှောက်တဲ့ ဦးလေးကလည်း သူ့အပေါ် မကောင်းရှာဘူး။ ဒါကြောင့် တစ်ခြားကလေးတွေထက် မိုက်ကယ် ပိုသိတတ်နားလည်ခဲ့တယ်။ ပိုကြိုးစားခဲ့တယ်။ နာမည်ကြီး တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရအောင် သူသင်ယူခဲ့တယ်။

သူကျောင်းပြီးတဲ့နှစ်မှာပဲ သူတို့နိုင်ငံတစ်နိုင်ငံလုံး စီးပွားရေးကပ်ဆိုက်ခဲ့တယ်။ အလုပ်တစ်ခုကို ပင်ပင်ပန်းပန်း ရှာခဲ့ပေမယ့် အရာမရောက်ခဲ့ဘူး။ မိုက်ကယ်စိတ်ပျက် အားငယ်နေချိန်မှာ မိုက်ကယ်အပေါ် ကောင်းတဲ့လူဆိုလို့ ဆံပင်ဖွေးဖွေးဖြူနေတဲ့ အသက်၆ဝကျော် အိမ်ရှင်အဘွားကြီးပဲ ရှိခဲ့တယ်။ အဘွားအိုဟာ မိုက်ကယ် အိမ်ပြန်လာတိုင်း ခေါ်ပြောနှုတ်ဆက်တတ်တဲ့အပြင် သော့ကိုယ်စီရှိရက်နဲ့ မိုက်ကယ်အတွက် တံခါးထဖွင့်ပေးတတ်တယ်။

မိုက်ကယ် စိတ်မချမ်းမသာဖြစ်တိုင်း အဘွားအိုက “ကိစ္စက ထင်သလိုမဆိုးနိုင်ပါဘူး။ အရာအားလုံး ကောင်းသွားမှာပါ” လို့ အမြဲနှစ်သိမ့်တတ်တယ်။ အဘွားအိုနှစ်သိမ့်တာတွေကို မိုက်ကယ်ခံစားမိပေမယ့် အခြေအနေဆိုးတဲ့ ကိုယ့်အဖြစ်ကို အဘွားအို သိနိုင်မှာ မဟုတ်ဘူးလို့ မိုက်ကယ်တွေးမိတယ်။ နေ့တိုင်း အဘွားအိုလို ဘာမှမလုပ်ဘဲ လမ်းမဘက်က ယာဉ်သွားယာဉ်လာတွေကို ထိုင်ငေးနေရရင် ကောင်းမယ်လို့လည်း တွေးမိပြန်တယ်။ ဆူညံလှုပ်ရှားနေတဲ့ လူတွေကို ထိုင်ငေးရရင် ပျော်စရာကောင်းမယ်လို့ မိုက်ကယ်ထင်ခဲ့တယ်။

တစ်နေ့မှာ လမ်းဘက်ကို အာရုံစိုက်ပြီး ကြည့်နေတဲ့ အဘွားအိုကို မိုက်ကယ်တွေ့တော့ “သူဘာတွေ ကြည့်နေပါလိမ့်? သူ့အတွေးထဲမှာ ဘာတွေထည့်ထားပါလိမ့်? ယာဉ်သွားယာဉ်လာကလွဲလို့ ဘာထူးခြားချက်မှ မရှိတဲ့လမ်းကို ဘာဖြစ်လို့ ကြည့်နေပါလိမ့်” လို့ တွေးမိပြီး အဘွားအိုကို မေးလိုက်တယ်။

“အဘွား.. လမ်းမဘက်ကို နေ့တိုင်း အဘွားဘာတွေကြည့်နေတာလဲ? ဘာအဓိပ္ပါယ်တွေ ရှိလို့လဲ”

“အဓိပ္ပါယ်ရှိတာပေါ့ လူလေး.. ဟောဟို မီးပွိုင့်က နေ့တိုင်း လူတွေဖြတ်သန်းကြတဲ့ မရေမတွက်နိုင်တဲ့ ဘဝခရီးစဉ်တွေကို ရေးမှတ်ခဲ့တယ်လေ”

“ဒါပေမယ့် မီးပွိုင့်ပဲလေ.. ဘာများ ကြည့်စရာရှိလို့လဲ”

“အဘွားပြောတာကို လူလေး သဘောမပေါက်သေးဘူး။ လူ့ဘဝဟာလည်း မီးပွိုင့်တစ်ခုလိုပါပဲ။ နီလိုက်၊ ဝါလိုက်၊ စိမ်းလိုက်နဲ့။ နီတဲ့အချိန်ဆိုရင် လှုပ်လို့မရတော့ဘူး။ လှုပ်လိုက်တာနဲ့ မတော်တဆမှုတွေ ဖြစ်တော့တာပဲ။ စိမ်းတဲ့အခါကျတော့လည်း ဘာအတားအဆီးမှ မရှိဘူးဘဲ အဆင်ပြေနေရော”

အဝေးကနေကြည့်ရင် စိမ်းနေတဲ့မီးက အရှိန်ပြင်းပြင်းနဲ့ မောင်းလာတဲ့ကားတစ်စီး အနီးနား ရောက်လာရင် ရုတ်တရက် နီသွားနိုင်တယ်။ အဝေးက ကြည့်ရင် မီးနီပဲ ဒါပေမယ့် အနီးနားရောက်လာရင် စိမ်းသွားနိုင်တယ်။ တစ်ချို့ကားက လမ်းဆုံတိုင်းမှာ မီးနီမိနိုင်တယ်။ တစ်ချို့ကားက လမ်းဆုံတိုင်းမှာ မီးစိမ်းနဲ့တိုးနိုင်တယ်။ မီးနီပဲမိမိ၊ မီးစိမ်းပဲတိုးတိုး လူတွေက အဲဒီနေရာကို ကျော်ဖြတ်ပြီး ကိုယ်လိုရာကို ခရီးဆက်ကြတာချည်းပဲ မဟုတ်လား..? ဒီလိုပြောင်းနေတဲ့ မီးစိမ်း၊ မီးနီတွေရှိလို့ လူတွေဟာ ဘဝရဲ့ခြေလှမ်း အနှေးအမြန်ကို လိုက်ညှိကြတယ်။ ဒါမှ အရောင်စုံတဲ့ ဘဝရဲ့ အရသာကို ခံစားလို့ရမှာ... မီးနီတစ်ခါမိရုံနဲ့ ဘာဖြစ်လို့ စိတ်မချမ်းမသာဖြစ်ရမလဲ? မီးစိမ်းတစ်ခါကြုံရုံနဲ့ ဘာဖြစ်လို့ စိတ်လှုပ်ရှားပျော်ရွှင်ရမလဲ?

အဘွားအိုရဲ့ စိတ်ရှည်လက်ရှည် ရှင်းပြတဲ့ စကားကို မိုက်ကယ်တဖြေးဖြေး သဘောပေါက် နားလည်လာခဲ့တယ်။ အခုချိန်မှာ သူ့ဘဝဟာ မီးနီမိနေတဲ့အချိန်၊ မီးစိမ်းမယ့်အချိန်လည်း ရှိနိုင်သေးတယ်လို့ တွေးပြီး အသစ်တစ်ဖန် ပြန်ကြိုးစားခဲ့တယ်။

မိုက်ကယ် အသက် ၄ဝမှာ အမေရိကားက နာမည်ကြီး ကွန်ပြူတာ ကုမ္ပဏီတစ်ခုကို တည်ထောင်နိုင်ခဲ့တယ်။ သူ့ရဲ့ ဟားဗတ်တက္ကသိုလ် ဟောပြောပွဲမှာ မိုးခြိမ်းသံအလား လက်ခုပ်သံကြားက အိမ်ရှင်အဘွားကြီးရဲ့ စကားတွေကို သူမမေ့ခဲ့ဘူး။ “ကျွန်တော့်ဘဝ မီးစိမ်းနဲ့ ကြုံခဲ့ပါတယ်” လို့ သူ ညင်ညင်သာသာပြောခဲ့တယ်။

အောင်မြင်ချိန်မှာ ဘဝလမ်းမှာ မီးနီရှိနိုင်သေးတယ်ဆိုတာ မမေ့နဲ့။
ရှုံးနိမ့်ချိန်မှာ ဘဝလမ်းရဲ့ရှေ့မှာ မီးစိမ်းရှိနိုင်သေးတယ်ဆိုတာ မမေ့နဲ။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ကျေးဇူးကြီးပေ တို့ဖေဖေ

သူ လေးနှစ်သားအရွယ်တုန်းက မတော်တဆ ခဲမှန်လို့ မျက်လုံးတစ်လုံး တိမ်စွဲခဲ့ရတယ်။ ခဲမှန်စက သွေးတွေတရဟော ထွက်လို့ ဆေးရုံတက်ခဲ့ပေမယ့် ဆရာဝန်က အကောင်းပကတိ ဖြစ်အောင် ပြန်ကုလို့ မရနိုင်တော့ဘူးဆိုပြီး ဆေးတစ်ချို့ပဲပေးခဲ့တယ်။

ဒါကို အဖေက လက်မလျှော့ဘူး။ သူ့ကို ချီပိုးပြီး မြို့ပေါ်က အကောင်းဆုံး မျက်စိအထူးကုဆီ သွားပြခဲ့တယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ ကုလို့မရတော့ဘူးဆိုတဲ့ စကားက အဖေ့မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်ပြန်တယ်။ ဝမ်းနည်းမှုကို မခံရပ်နိုင်တဲ့အဆုံး အဖေ ငိုခဲ့တယ်။ ဘာကိုမှ သေချာနားမလည်သေးတဲ့ အရွယ်မို့ အဖေဘာကြောင့်ငိုမှန်း သူမသိခဲ့ဘူး။

သူ၆နှစ်အရွယ်ရောက်တော့ ညာမျက်လုံးက တစစဖြူလာခဲ့တယ်။ “အဖေ...ဘာဖြစ်လို့ ကျွန်တော့်မျက်လုံး တစ်လုံးက ဖြူနေရတာလဲ” လို့ မေးတဲ့အမေးကို အဖေပြန်မဖြေနိုင်ခဲ့ဘူး။ သားဘဝတစ်လျှောက်လုံး မျက်လုံးတစ်လုံးတည်းနဲ့ပဲ ပြီးဆုံးရတော့မယ်၊ ဘာပဲလုပ်လုပ် တစ်ခြားလူတွေထက် ပိုခက်ခဲမယ်ဆိုတာ အဖေသိခဲ့တယ်။

အဖေက လိပ်သည်းကျောက် တင်ပို့ရောင်းချတဲ့ စက်ရုံမှာ အလုပ်လုပ်ပါတယ်။ အဲဒီနှစ်က ကျောက်တွေကို ကားပေါ်တင်ရင်း မတော်တဆ ဝန်ချီစက်ကြိုး ပြတ်သွားခဲ့တယ်။ မြေပြင်ပေါ်ကို အရှိန်နဲ့ကျလာတဲ့ ကျောက်တွေကနေ ကျောက်ခဲအသေးအမွှားတစ်ချို့က သေနတ်ထိပ်က ကျည်ဆံလိုပဲ အဖေ့ဆီ ပြေးဝင်လာခဲ့တယ်။ အဖေ ကာကွယ်ချိန် မရလိုက်ဘူး။ ကျောက်ခဲတစ်ချို့ အဖေမျက်လုံးကို ထိသွားခဲ့တယ်။ ဒဏ်ရာသေးပေမယ့် ကုသဖို့ကို အဖေငြင်းဆန်ခဲ့ပြီး အလျှော်ပေးတဲ့ ကုသခကိုပဲ ယူမယ်လို့ အဖေတောင်းဆိုခဲ့တယ်။

ဘာကြောင့်လဲလို့ မေးတော့ အဲဒီကုသခနဲ့ သားကို မျက်လုံးတုတစ်ခု တပ်ဆင်ပေးချင်လို့လို့ အဖေက ဆိုပါတယ်။ အဖေရဲ့တောင်းဆိုချက်ကို စစချင်းမှာ တစ်ဖက်က လက်မခံနိုင်ခဲ့ပေမယ့် အဖေရဲ့ တောင့်ခံမှုကြောင့် နောက်ဆုံးမှာ ဝန်ခံချက်လက်မှတ် ရေးထိုးပြီး လိုက်လျှောခဲ့တယ်။ ကုလို့ရနိုင်ရက်နဲ့ မကုဘဲ ငြင်းခဲ့တဲ့အဖေကို လူတွေက ရူးသွားပြီလို့ ထင်ကြပေမယ့် အဖေဂရုမစိုက်ခဲ့ဘူး။

အနှစ် ၂ဝလွန်ပြီးတဲ့နောက် ကုမ္ပဏီ အသေးလေးတစ်ခု အဖေပိုင်ခဲ့တယ်။ လူတွေက အဖေ့ကို “မျက်တစ်လုံး”လို့ ခေါ်ခဲ့ကြတယ်။ သားက ခန့်ခန့်ချောချောနဲ့ အကြောင်းမသိရင် မျက်စိတစ်ဖက် ကန်းနေမှန်းတောင် မသိနိုင်ပါဘူး။

သားရဲ့မင်္ဂလာပွဲမှာ လူတွေက သတို့သမီးကို “မျက်လုံးတစ်လုံးပဲ ရှိတဲ့သူ့ကို ဘာဖြစ်လို့ ယူသလဲ” လို့ မေးတော့ သတို့သမီးက “မျက်လုံးတစ်လုံးပဲ ရှိပေမယ့် သာမန်လူတွေထက် သူပိုရက်ရောတယ်” လို့ ပြောခဲ့တယ်။

သားရဲ့ မင်္ဂလာပွဲမှာ အဖေက အပျော်လွန်ပြီး မူးနေပါပြီ။
ကွယ်နေတဲ့ မျက်လုံးကို ထိုးပြီး အဖေက “ကျွန်တော် ဘာဖြစ်လို့ ဒီမျက်လုံးကို မကုခဲ့တာလဲ သိလား? သားငယ်ငယ်က သူ့မျက်လုံးတစ်ဖက် ဘာကြောင့် ဖြူနေရတာလဲလို့ ကျွန်တော့်ကို မကြာခဏ မေးခဲ့တယ်။ ကျွန်တော် ပြန်ဖြေဖို့ အဖြေမရှိခဲ့ဘူး။ ဒီမျက်လုံးကြီး ကန်းသွားမှ သားကို ကျွန်တော်ပြန်ဖြေနိုင်ခဲ့တယ်။ ဖေဖေရဲ့ မျက်လုံးလည်း ဖြူနေပါတယ်သား.. ဒါမျိုးရိုးကြောင့်ပါလို့”

မင်္ဂလာခန်းမတစ်ခုလုံး အပ်ကျသံတောင် မကြားရအောင် တိတ်ဆိတ်သွားခဲ့တယ်။


ဖခင်ဆိုတာ တောင်တစ်လုံးနဲ့တူတယ်။ တည်ကြည်ခံ့ညား ကြီးမြင့်တယ်။ အခက်အခဲတွေကို ရှေ့ကနေ ကာကွယ်တားဆီးပေးတယ်။

ဖခင်ဆိုတာ မစီးဆင်းတဲ့ ရေတစ်အိုင်နဲ့တူတယ်။ ရင်ထဲက သူ့မေတ္တာကို မဖွင့်လှစ်ပြတတ်ဘူး။

ဖခင်ဆိုတာ လက်တစ်စုံပါ။ အဲဒီလက်တစ်စုံနဲ့ သားသမီးတွေကို ဖေးမပြီး နွေ၊ မိုး၊ ဆောင်းအတူ ဖြတ်ကျော်ခဲ့တယ်။

ဖခင်ဆိုတာ မျက်ရည်တစ်စက်။ အကြင်နာမေတ္တာတွေနဲ့ ထုပ်ပိုးထားတဲ့ မျက်ရည်တစ်စက်ဖြစ်တယ်။

နိုင်းနိုင်းစနေ ဘာသာပြန်ခံစားသည်။

အောင်မြင်ခြင်းရဲ့ သော့ချက်

ပထမဆုံး ကျောင်းဖွင့်တဲ့ တစ်ရက်မှာပဲ ဂရိဒဿနိက ပညာရှင် ဆိုကရေးတီးက ကျောင်းသားတွေကို " ဒီနေ့ အလွယ်ဆုံး၊ အရှင်းဆုံး သင်ခန်းစာတစ်ခုကို သင်မယ်။ သင်ခန်းစာက ကျောင်းသားတိုင်း ကြိုးအထုံးတစ်ခုယူပြီး အရှေ့၊အနောက်လွှဲနိုင်သမျှ လွှဲဖို့ပါပဲ" လို့ ပြောပြီး ဆိုကရေးတီးက ကျောင်းသားတွေကို သရုပ်ပြခဲ့တယ်။

"ဒီနေ့ကစပြီး တစ်နေ့ကို အကြိမ်၃ဝဝ လွှဲနိုင်ကြမလား? " လို့ ဆိုကရေးတီးက မေးပြန်တော့ ကျောင်းသားတွေက ဝိုင်းရယ်ကြပြီး စိတ်ထဲမှာလည်း "ဒီလောက်လွယ်တဲ့ ကိစ္စ ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ"လို့ တွေးမိကြတယ်။

တစ်လကျော်လွန်ပြီနောက် ဆိုကရေးတီး ကျောင်းသားတွေကို "တစ်နေ့ အကြိမ် ၃ဝဝ လွှဲတဲ့လူ လက်ထောင်ပါ" ဆိုတော့ ကျောင်းသား ၉ဝ% က ဂုဏ်ယူတဲ့ဟန်နဲ့ ကျွန်တော်လုပ်နိုင်တယ်ဆိုပြီး လက်ထောင်ကြတယ်။

နောက်တစ်လမှာ ဆိုကရေးတီးက အရင်ကအတိုင်း ကျောင်းသားတွေကို မေးပြန်တယ်။ ဒီတစ်ခေါက် လက်ထောင်တဲ့လူတွေက ၈ဝ% ပဲ ကျန်တော့တယ်။ အချိန် တစ်နှစ်ကြာတဲ့အခါ ဆိုကရေးတီးက မေးပြန်တယ်။
"အလွယ်ဆုံး ကြိုးလွှဲနည်းကို ဘယ်ကျောင်းသားတွေ ကျင့်နေသေးလဲ"


ဒီအချိန်မှာ စာသင်ခန်းထဲရှိတဲ့ ကျောင်းသားအားလုံး ငြိမ်ကျသွားပြီး ကျောင်းသားတစ်ယောက်ပဲ လက်ထောင်ခဲ့တယ်။ အဲဒီကျောင်းသားဟာ နောင်တစ်ချိန်မှာ ဂရိဒဿနိက ပညာရှင်အဖြင့် ကျော်ကြားလာခဲ့တဲ့ "ပလေတို" ပဲဖြစ်တယ်။

လောကမှာ အလွယ်ကူဆုံးနဲ့ အခက်ဆုံးအလုပ်က "ကြံ့ကြံ့ခံနိုင်မှု၊ ဇွဲလုံ့လ" ပဲဖြစ်တယ်။ အလွယ်ကူဆုံးလို့ ပြောရခြင်းက လုပ်ဖို့ဆန္ဒရှိရင် လူတိုင်းလုပ်ဆောင်နိုင်သလို အခက်ဆုံးလို့ ပြောရခြင်းက တကယ့်လုပ်နိုင်တဲ့ လူဦးရေ နည်းပါးတဲ့အတွက်ကြောင့် ဖြစ်တယ်။ အောင်မြင်ခြင်းက ဇွဲလုံ့လရှိသူတွေရဲ့နောက် ထပ်ကြပ်မခွါ လိုက်နေပါတယ်။

ကိုယ့်ကိုယ်ကို အလဲထိုးချက်က တစ်ခြားလူ ကိုယ့်ကိုအလဲထိုးတဲ့ အချက်ထက် များနေခဲ့ပြီလား? တစ်ခုခုကို အရှုံးပေးလို့ လက်လျှော့ဖို့ စဉ်းစားမိတိုင်း ဒီပုံပြင်လေးကို သတိရလိုက်ပါ။

နိုင်းနိုင်းစနေ ဘာသာပြန်သည်

Wednesday, January 20, 2010


ရိုးရိုးကျင့် မြင့်မြင့်ကြံ



၁၉၇၂ ခုနှစ်က စင်ကာပူခရီးသွားလာရေး အရာရှိက စင်ကာပူဝန်ကြီး လီကွမ်ယုကို အစီရင်ခံစာ တင်သွင်းခဲ့တယ်။


စာထဲမှာ “ငါတို့စင်ကာပူဟာ အီဂျစ်နိုင်ငံလို ပိရမစ်မရှိဘူး။ တရုတ်နိုင်ငံလို ဂရိတ်ဝေါမရှိဘူး။ ဂျပန်နိုင်ငံလို ဖူဂျီတောင် မရှိဘူး။ ဟာဝိုင်ရီလို ၁၀မီတာ အမြင့်ရှိတဲ့ လှိုင်းတွေမရှိဘူး။ ငါတို့နိုင်ငံမှာ ၁၂ရာသီလုံး ပူပြင်းတဲ့ နေရောင်ခြည်ကလွဲလို့ ဘာမှထူးဆန်းတာ မရှိဘူး။ ခရီးသွားလာရေးအတွက် ချဲ့ထွင်မယ်ဆိုရင် ခက်ခဲလိမ့်မယ်”လို့ ရေးထားတယ်။

ဝန်ကြီး လီကွမ်ယုက စာဖတ်ပြီး ဒေါသထတော့တယ်။ နောက် စာတစ်စောင်ရေးပြီး ပြန်ပို့လိုက်တယ်။ စာထဲမှာ ဒီလိုရေးထားတယ်။

“ဘုရားသခင် ငါတို့ကို ပေးထားတာ မလုံလောက်သေးဘူးလား! နေရောင်ခြည်... နေရောင်ခြည်သာရှိရင် ငါတို့ လုံလောက်ပြီ”

အဲဒီနောက် စင်ကာပူဟာ တစ်နှစ်ပတ်လုံးရတဲ့ နေရောင်ခြည်ကို အသုံးပြုပြီး သစ်ပင် ပန်းမာလ်တွေ စိုက်ခဲ့တယ်။ အချိန်တိုတိုအတွင်းမှာ လှပတဲ့ပန်းဥယျာဉ် မြို့တော်အဖြစ် နာမည်ကြီးခဲ့ပြီး အာရှတိုက်မှာ တတိယ ကမ္ဘာလှည့်ခရီးသည် အများဆုံး နိုင်ငံဖြစ်ခဲ့တယ်။

နိုင်ငံတိုင်း၊ နေရာတိုင်း၊ လူတိုင်းကို ဘုရားသခင်က ပစ္စည်းများများစားစား မပေးခဲ့ပါဘူး။ နယူတန်ကို ပန်းသီးတစ်လုံးပဲ ပေးခဲ့တယ်။ ဒါတောင် သေချာပေးတာ မဟုတ်ဘဲ ပစ်ချပေးခဲ့တယ်။ ဒစ်စနီကို ကြွက်တစ်ကောင်ပဲ ပေးခဲ့တယ်။ ဒါတောင် ဒစ်စနီကိုယ်တိုင် စားစရာ ပေါင်မုန့်တစ်ချပ်တောင် မရှိတဲ့အချိန်မှာ ပေးခဲ့တာဖြစ်တယ်။ တရုတ်ပြည် ဆန်တုံနယ်က Qūfùဆိုတဲ့မြို့ကို CONFUCIUS တစ်ယောက်ပဲ ပေးခဲ့တယ်။

ဘုရားသခင်က နေရာတစ်ခုကို နည်းနည်းစီပေးခဲ့ပေမယ့် အသုံးပြုတတ်ရင်တော့ အဲဒီနည်းနည်းဟာ အများကြီးဖြစ်လာနိုင်ပါတယ်။ တွေးတောနေတဲ့ နယူတန်ဟာ အဲဒီပန်းသီးကြောင့် ရူပဗေဒပညာရှင်ကြီး ဖြစ်ခဲ့တယ်။ ငတ်နေချိန်မှာ ရောက်လာတဲ့ ကြွက်ကို ဒစ်စနီက သတ်မစားခဲ့ပါဘူး! အဲဒီကြွက်ကို အသုံးပြုပြီး အဖိုးမဖြတ်နိုင်တဲ့ ကာတွန်းတိုင်းပြည်ကို တည်ထောင်နိုင်ခဲ့တယ်။ CONFUCIUS ကို အသုံးပြုပြီး Qūfù ဟာ ခရီးသွားတွေမဆဲတဲ့ ရှေးဟောင်းမြို့ တစ်မြို့ဖြစ်ခဲ့တယ်။

သူက ဌေးလိုက်တာ! သူက လှလိုက်တာ! သူက တော်လိုက်တာ! ငါကျတော့ ဘာမှမရှိဘူး ဆိုပြီး ကိုယ့်ကိုပေးတာ နည်းတယ်များတယ်လို့ ညည်းညူကြဖူးလား! သူကျတော့ ရာထူးမြင့်မြင့်နဲ့ ထိုင်တဲ့ခုံက ဆိုဖာခုံ! ငါကျတော့ ခုံစုတ်တစ်လုံးပဲ ရတယ်လို့ မညည်းခင် လီကွမ်ယု စကားကို ပြန်စဉ်းစားမိရင် အော်...ဘုရားသခင် ငါ့ကို ဒီခုံစုတ်ပေးတာ အကြောင်းရှိရမယ်လို့ တွေးမိခဲ့ရင်........

(မြန်မာပြည်ကို ပေးခဲ့ရင်တော့ ထင်းဆိုက်လိုက် မလားပဲ... သံယဇာတ ပေါကြွယ်ဝ ပါတယ်။ သဘာဝ ဘေးအန္တရာယ်လဲ မရှိပါဘူး.. ဒါပေမယ့် ဘာကြောင့်... ဘာကြောင့်...ဘုရားသခင်ပေးတာ နည်းနေသေးလို့များလား....)

စိတ်ချလက်ချ အိပ်..ပျော်ပျော်ပါးပါး စား..ကျန်းမာစွာ ကျင့်၊ အပြုံးကို အမြဲဆောင် ထားး) အင်တာနက်မှာ ဖတ်ရတာလေး ကြိုက်လို့ မျှဝေလိုက်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Friday, January 8, 2010

career choices for doc

Pharmaceutical & Biotechnology Industry
Broadly speaking the biotech/pharma industry can be separated into 'Big Pharma' and Biotech. Big pharma consists of the larger organizations e.g. Pfizer, Merck, and are typically commercial in nature with a global reach and a large number of employees. In contrast biotechnology companies vary in size from only a few employees to corporations that compare with the bigger pharma firms. The smaller biotechs and tend to operate from one main geographical base.
Big Pharma
Doctors in Big Pharma range from quite junior physicians to Nobel Prize winners commanding multi-million dollar salaries. Several roles exist for doctors, ranging from drug safety, regulatory affairs and project management, to medical advisors that act as an interface between the scientific and commercial arms of the company. Big Pharma offers the potential for career development and transferability; many doctors start on the research and development (R&D) or medical marketing side, before move in to roles such as business development (buying smaller companies, and building alliances with biotechnology) or to full commercial roles. Although there are opportunities for employment across the globe, some major companies are based in Switzerland (Roche, Novartis) whilst others reside in the United States. Irrespective of the location or profile of the company, the opportunities for career progression are substantial and varied. Some extremely successful pharmaceutical executives started their careers as medical doctors.
For doctors that are wishing to consider a return to the NHS following a period in the corporate environment, the pharmaceutical industry may offer a perfect compromise. Employment in a top tier pharma company allows an individual to return to clinical medicine armed with a broad skill set of research experience, general management and international culture. For those opting to remain on the corporate side, the industry offers a reputable launch platform for careers in healthcare consultancy, business development and venture capital/private equity.
As a doctor having worked in big pharma and then returning to the clinical 'fold', your management skills will be honed, your clinical knowledge up to the minute, and you will be able to add value to any NHS hospital or research institution. There is also the option to obtain additional qualifications such as the Diploma in Pharmaceutical Medicine (Dip Pharm Med), which is designed specifically for doctors employed in the Pharmaceutical Industry.
As a corporate physician with pharmaceuticals experience, there are a wide range of potential avenues and options that will harness this valuable combination, allowing you to make a significant impact to medicine on a global scale, and at a much more senior level then you could have ever imagined.
Biotech
Biotechnology companies range from small 'start-ups' to international giants such as Amgen and Genentech. Start-ups are hugely exciting places to work and tend towards the real cutting-edge of science and clinical development. They are not typically starting points for doctors straight out of medicine, as they are generally quite heavy on the R & D side and focused on extremely technical aspects of medical science. They are nonetheless, a potential second role following a period of time spent in a larger corporation, or for those seeking a more entrepreneurial experience.
A large number of biotech companies are located on the east and west coasts of North America. Salaries tend to be lower than those of Big Pharma, but the share options can, and often do, make individuals very wealthy. The spectrum of research, development and products is huge and encompasses many sub-sectors, with varying disease processes and conditions that are treated as a result of new developments and emerging technology.
With the emergence of gene therapy, stem cell research and important breakthroughs such as RNAi, the Biotech industry will undoubtedly continue to grow and maintain a requirement for motivated physicians that wish to combine their medical knowledge with an industry perspective in order to transfer theoretical products into practical clinical applications.
In summary, both Big Pharma and Biotech represent industries where clinical medical skills can be put to extremely good use and where doctors can flourish within a dynamic and exciting new career path. Training in pharma (e.g. an intercalated BSc in Pharmacology) is a useful addition for those doctors wishing to pursue this path, but it is by no means essential.